PROJECT ANYAR

ကျွန်တော်နဲ့ ပထမဆုံး ပရောဂျက် ကို အောင်အောင်မြင်မြင် လက်တွဲပြီး လုပ်ခဲ့တဲ့ POEM ရဲ့ အညာပရောဂျက်တစ်ခုထဲမှာ ပါဝင်တဲ့ အဖွဲတွေကို ကျွန်တော် အရင်လက ရရှိငွေထဲက အားဖြည့် ကူညီပေးပိုခဲ့တာရှိသလို ပရောဂျက်တစ်ခုလုံးအတွက် သူတို့ မျှော်မှန်းတဲ့ ရငွေ မပြည့်သေးတဲ့ အတွက်ကြောင့် တတ်နိုင်သလောက် ဝိုင်းကူပေးဖို့ click2donate တို့လဲ ဝိုင်းကူတာပါ ခင်ဗျာ။



“တောကျီးကန်း စစ်ဆင်ရေး”

 

❗️ အညာကို တိုက်ရိုက် ထောက်ပို့မှာပါ..
အဖွဲ့တစ်ဖွဲ့ကို တစ်ဖွဲ့ သိန်း ၃၅၀ နှုန်းနဲ့ အဖွဲ့ငါးဖွဲ့ကို အရင် ထောက်ပို့မှာ ဖြစ်ပြီး တခြားသော အညာအဖွဲ့တွေကိုလည်း နှုတ်ခမ်းနီဖိုးနဲ့ အရှည်ဖိုးတွေ ထောက်ပို့ သွားမှာပါ.. စစ်အုပ်စုက ဘယ်လိုပဲ အညာကို အညှိုးတကြီး အသဲအမဲ ထိုးစစ်ဆင်လည်း အညာသူ၊ အညာသားတွေကတော့ “အသိုက်ကို ဖျက်ရင် အသက်ကို ပြန်ယူဖို့ အသင့်”ပါပဲ.. မြေပြင်က လူတွေက နှစ်ခါ ပြန်မရတဲ့ အသက်ကိုမှ စွန့်ဝံ့သေးရင် ထောက်ပို့သမားတွေကလည်း အားထည့် ကူကြရမှာပဲ မဟုတ်လား.. အညာသားတွေမှာ ဗလရော၊ ဇရော ရှိပြီးသားမို့ နှုတ်ခမ်းနီဖိုး၊ အရှည်ဖိုး၊ စက်လက်ဖိုး နဲ့ ဒရုန်းဖိုးတွေသာ လိုတာပါပဲ.. ရက် (၂၀ ) အတွင်း အားပါးတရ ထပ်ရုန်းကြရအောင်ပါနော်.. ပိုစတာတွေမှာ နိုင်ငံအလိုက် ဘဏ်အကောင့်တွေ ရေးထားတာမို့ အချိန်မဆိုင်းဘဲသာ လှူပေးပါ.. အညာသွေး ဘယ်လောက်ရဲကြောင်း စစ်ခွေးတွေကို ပြဖို့ မြေပြင် ရဲဘော်တွေက အသင့်ရှိနေပါပြီ..


မိမိနဲ့ သက်ဆိုင်ရာ နိုင်ငံတွေကို နှိပ်ပြီး ဘဏ်အကောင့်များ ရယူပေးပို့ကြပါ ခင်ဗျာ။

SINGAPORE

THAILAND

JAPAN

SOUTH KOREA

Malaysia

UAE

UK

US

EUROPE

CANADA

AUSTRALIA

NEW ZELAND

WISE

MYANMAR & OTHER